ဖြစ်နိုင်ခြေရှိသည်ကိုသာ တောင်းဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းအဖြေရှာချိန်ကြန့်ကြာမှုကို ကျော်လွှားနိုင်မည်ဟု ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆို (ရုပ်သံ)
■ ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ အချိန်ကာလယန္တရားကိုလျှော့ချနိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းအဖြေရှာရာမှာ တောင်းဆိုဖက်ဘက်က ဖြစ်နိုင်ခြေရှိတာကိုသာ တောင်းဆိုဆွေးနွေးညှိနှိုင်းပါက လိုက်လျောရန် ဖြစ်နိုင်ခြေ ရှိ/မရှိ ဆောင်ရွက် ပေးရမယ့်အစိုးရဘက်မှာလည်း ညှိနှိုင်းအဖြေရှာရာမှာ အချိန်များစွာကြန့်ကြာမှုကို ကျော်လွှားသွားနိုင်မှာဖြစ်တယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားပါတယ်။