မူးယစ်ဆေးရဲ့ သားကောင်များ

မူးယစ်ဆေးရဲ့ သားကောင်များ
Published 17 December 2018

တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု ရန်ကုန်ရွာ ဆေးဖြတ်စခန်းစခန်းဟာ လူဦးရေ ၇၀ ကျော်ခန့် ရှိနေပါတယ်။

အဲ့ဒီစခန်းအတွက် သက်ဆိုင်ရာအစိုးရတွေရဲ့  အထောက်အပံ့မရရှိသလို တစ်ဖက်မှာအကြောက်တရားနဲ့ ဆေးဖြတ်နေရကာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေလို ပညာရှင်တွေလည်း မရှိဘူးလို့ သိရပါတယ်။ ဆေးဖြတ်စခန်းအတွင်း ဆေးဖြတ်လိုသူတွေဟာ ထိုင်းဘတ်ငွေ (၃၀၀၀) ပေးရတာဖြစ်ပါတယ်။

 အဲဒီလိုပေးရတာဟာအထောက်အပံ့တွေ မရှိတာကြောင့် စားသောက်ကျွေးမွေးစရိတ်အဖြစ် ပေးချေရတာ ဖြစ်ပြီး တာချီလိတ်မြို့နယ်တွင်းမှာ ဆေးဖြတ်ချင်ပေမယ့် ငွေကြေးမရှိတာတွေနဲ့ ဖြတ်ဖို့မဖြစ်နိုင်တော့တဲ့ သူတွေ စုဝေးနေထိုင်တဲ့ နေရာတွေလည်းရှိနေတာကြောင့် Eleven Broadcasting ကနေ ဆေးဖြတ်စခန်းရဲ့ အခြေအနေတွေနဲ့ ပူးပွဲတင်ဆက်ပေးလိုက်ပါတယ်။