ပါမောက္ခချုပ်ဆရာတော်အား ပါချုပ်ရာထူးမှ အနားပေးသည်ဆိုသည့်သတင်းပျံ့နှံမှုမှာ တရားဝင်မပြောနိုင်သေး ပေမယ့် ဒုတိယပါမောက္ခချုပ်ဆရာတော် အနားယူသည်မှာ မှန်ကန်ဟုဆို
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမေက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာ ဘိဝံသကို ပါမောက္ခချုပ်ရာထူးမှ အနားပေးတယ်ဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေမှုနဲ့ပါတ်သက်ပြီး တရားဝင်စာမထွက်သေးတာကြောင့် မပြောနိုင်သေးပေမယ့် ဒုတိယပါမောက္ခချုပ်ဆရာတော်ကတော့ အောက်တိုဘာလ၂ဝရက်နေ့ဝန်းကျင်က အနားယူသွားတာမှန်ကန်တယ်လို့ သိရပါတယ်။