ဧရာဝတီတိုင်းအတွင်း ပိတ်ပင်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးအမျိုးအစားပေါင်း ၅၀ အား ဆိုင်များတွင် ရောင်းချမှုများ မရှိစေရန် လိုက်လံစစ်ဆေးနေ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပိတ်ပင်ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်း သတ်ဆေး အမျိုး အစားပေါင်း ၅၀ အား စိုက်ပျိုးရေးဆေးဆိုင်များမှာ ရောင်းချမှုများ မရှိစေရန် လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေပြီး သုံးစွဲပြီးသား ပိုးသတ်ဆေးအိတ်ခွံ ပုလင်းခွံများကို တောင်သူများ စနစ်တကျ ဖျက်ဆီးရေး ကိုပါ ပညာပေးဆောင်ရွက်နေတယ်လို့ သိရ ပါတယ်။