ကျိုးကျခဲ့သည့် ဆိပ်မတံတားအား အမြန်ဆုံးရှင်းလင်းရေးများ ဆောင်ရွက်နေပြီး နှစ်ပတ်အတွင်း ခရီးစဉ်များ ပြန်လည်အဆင်ပြေစေရန် ဆောင်ရွက်မည်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ-အမာလမ်းပေါ်ရှိ ကျိုးကျခဲ့တဲ့ ဆိပ်မဘေလီတံတားရဲ့ အကျိုးအပျက်တွေကို အမြန်ဆုံးရှင်းလင်းရေးတွေ ဆောင်ရွက်နေပြီး နှစ်ပတ်အတွင်း ခရီးသားတွေ အဆင်ပြေစေဖို့ ဆောင်ရွက်ပေးမှာဖြစ်ကာ ဘေလီတံတားတစ်စင်းကို အမြန်ဆုံးတည်ဆောက်ပေးသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။