လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၏ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများအတွက် များစွာစိုးရိမ်မကင်း ဖြစ်မိကြောင်းနှင့် ချက်ချင်းလွှတ်ပေးရန် ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့တောင်းဆို
AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းရဲ့ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် များစွာစိုးရိမ်မကင်း ဖြစ်မိကြောင်းနဲ့ ဦးဝှေ့တင်းကို ချက်ချင်းလွှတ်ပေးရန်အတွက် ချင်းအဖွဲ့အစည်း ၄၃ ဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခဲ့ပါတယ်။