၁၀ ရက်အတွင်း ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ်နှစ်သောင်းကျော် ဈေးကျခဲ့ပြီး ကျပ် ၁၁၉၅၀၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
တစ်ကျပ်သား ကျပ် ၁၂ သိန်းအထက်ရှိခဲ့တဲ့ ပြည်တွင်း အခေါက်ရွှေဈေးဟာ နိုဝင်ဘာလဆန်းပိုင်းကနေ နိုဝင်ဘာ ၁၀ ရက်အထိ ၁၀ ရက်အတွင်း တစ်ကျပ်သား ကျပ်နှစ်သောင်းကျော် ဈေးကျခဲ့ပြီး ကျပ် ၁၂ သိန်း အောက် ရောက်ရှိကာ ကျပ် ၁,၁၉၅,၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ရန်ကုန်ရွှေဈေးကွက်က သိရပါတယ်။