ရန်ကုန်တိုင်းအစိုးရက ရောင်းချပေးမည့် မြေကွက်များအတွက် လျှောက်လွှာရောင်းချသည့် နောက်ဆုံးနေ့တွင် လျှောက်လွှာ လာ တင်သူနှင့် ဝယ်ယူသူအနည်းငယ်သာရှိ (ရုပ်သံ)
ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရောင်းချမယ့် မြေကွက်များအတွက် ဝယ်ယူခွင့်ရရှိသူများအနေနဲ့ မြေကွက်တန်ဖိုးအပြင် အခြေခံအဆောက်အအုံတည်တောက်ခြင်း ကုန်ကျစရိတ်ပါ ထပ်မံပေးသွင်းရမယ်လို့ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားထားပါတယ်။