ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာအထက်တန်းကျောင်းမှ ဘုံကထိန်သီးထားသည့်ငွေ ကျပ် ၂၄သိန်းခန့် ဖောက်ထွင်းခိုးယူခံရ (ရုပ်သံ)

ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာအထက်တန်းကျောင်းမှ ဘုံကထိန်သီးထားသည့်ငွေ ကျပ် ၂၄သိန်းခန့် ဖောက်ထွင်းခိုးယူခံရ (ရုပ်သံ)
Published 9 November 2019

 ရွှေမြင်တင်ကျေးရွာအတွင်းရှိ နိဂြောဓာ ဘုန်းတော်ကြီးတော်ကြီးကျောင်းတွင် ဘုံကထိန်ခင်းရန် ကျောင်းသူကျောင်းသား လှူဒါန်းငွေများ၊ကျေးရွာအတွင်း လှည့်လည်အလှူခံ ရရှိငွေများကို ပဒေသာပင်များသီးကာ ရွှေမြင်တင်အထက်တန်းကျောင်း ပင်မဆောင်ရဲ့အောက်တွင်ထားရှိစဉ် သံဇကာအား ဖြတ်တောက်ဝင်ရောက်ကာ ငွေသားများဖြုတ်ခိုးခံရခြင်းဖြစ်တယ်လို့ ပုသိမ်မြို့မရဲစခန်းထံက သိရပါတယ်။