ဧရာဝတီတိုင်းလွှတ်တော်အတွက် မော်တော်ယာဉ် ဝယ်ယူရာတွင် အလွဲသုံးစားမှုဖြင့် တရားစွဲဆိုခံထားရသည့် လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း၏ အမှုအတွက် တရားလိုပြ သက်သေများအနက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား စတင်စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အတွက် မော်တော်ယာဉ် ဝယ်ယူရာမှာ အလွဲသုံးစားမှု တရားစွဲဆိုခံထားရတဲ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်း ဘိုကလေးမြို့နယ် မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်၏အမှုမှာ မော်တော်ယာဉ်များ ဝယ်ယူရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းကို နိုဝင်ဘာလ ၇ ရက်ရုံးချိန်းမှာ စတင်စစ်ဆေးခဲ့ပါတယ်။