ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်များ ထပ်မံခုတ်ခြင်းမပြုတော့ပဲ တက္ကသိုလ်ပတ်လမ်း ဖော်ဆောင်ခြင်းအား ယာယီရပ်ဆိုင်းထားရန် သဘောတူညီချက်ရရှိ
ရန်ကုန်တက္ကသိုလ်အတွင်း ပတ်လမ်း ဖော်ဆောင်ရန် သစ်ပင်များ ခုတ်ခြင်းကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ပြီး တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းစဉ် သစ်ပင်များ ထပ်မံခုတ်ခြင်း မပြုတော့ဘဲ တက္ကသိုလ်ပတ်လမ်း ဖော်ဆောင်ခြင်းစီမံကိန်းအား ယာယီရပ်ဆိုင်းထားဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ စုံစမ်းသိရပါတယ်။