သဖန်းဆိပ်ဆည်ရေနည်းပါးနေခြင်းကြောင့်ရဖြန့်ဝေပေးနိုင်ခြင်းမရှိ

သဖန်းဆိပ်ဆည်ရေနည်းပါးနေခြင်းကြောင့်ရဖြန့်ဝေပေးနိုင်ခြင်းမရှိ
Published 3 November 2019

သဖန်းဆိပ်ဆည်ရေနည်းပါးနေခြင်းကြောင့် ဆည်ရေသောက်ဧရိယာအတွင်းရှိ ဧက နှစ်သိန်းကျော်ကို နွေစပါးစိုက်ပျိုးရန် ရေဖြန့်ဝေပေးနိုင်ခြင်းမရှိသဖြင့် အခြားအစားထိုးသီးနှံများစိုက်ပျိုးသွားမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှာ   ဆည်ရေနည်းပါးနေခြင်းကြောင့် ဆည်ရေသောက်ဧရိယာအတွင်းရှိ ဧက နှစ်သိန်းကျော်ကို နွေစပါးစိုက်ပျိုးရန် စိုက်ပျိုးရေဖြန့်ဝေပေးနိုင်ခြင်းမရှိတော့သဖြင့် နွေစပါးလျာထားဧကနေရာများမှာ အခြားအစားထိုးသီးနှံများ စိုက်ပျိုးသွားရန်စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ စုံစမ်းသိရပါတယ် ။

[Zawgyi]