အာဆီယံစီးပွားရေးအသိုက်အမြုံနှင့် ဒေသတွင်းပဋိပက္ခပူးပေါင်းဖြေရှင်းရေးသဘောတူညီမှုဆိုင်ရာဆွေးနွေးပွဲများသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းတက်ရောက်
၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတွေရဲ့ ပထမဆုံးပွဲအဖြစ် အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ၁၈ ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အမြုံ ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပါတယ်။ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းတက်ရောက်ခဲ့ပါတယ်။
[Zawgyi]