မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် ပုသိမ်ဘဏ်ခွဲရှိ စာရွက်စာတမ်းများကို မီးရှို့ရန် ကြံစည်မှုဖြစ်ပွားခဲ့ (ရုပ်သံ)
မီးလောင်ကျွမ်းခဲ့တဲ့ ပြတင်းပေါက်အနီးရှိ ရုံးခန်းအတွင်းမှ စာရွက်စာတမ်းတွေ ထားထားတဲ့ စားပွဲခုံအနီးနဲ့ အခြားသော စားပွဲခုံများအောက်မှာလည်း ဓာတ်ဆီများ ထည့်ထားတဲ့ ရေသန့်ဗူးငယ်တွေတွေ့ရှိခဲ့ပြီး ဖြစ်စဉ်ကြောင့် အရေးကြီး စာရွက်စာတမ်းများ ပျက်စီးဆုံးရှူံးမှု မရှိခဲ့ဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကသိရပါတယ်။