NCA စာချုပ် လေးနှစ်ပြည့် လွန်မြောက်လာသော်လည်း ယခုထိ တိုးတက်မှုများများစားစား မရရှိသေးခြင်းသည် သံသယများ၊ စိုးရိမ် မှုများ၊ ယုံကြည်မှုများ အားနည်းနေ၍ဟု မြင်မိကြောင်း KNU ဥက္ကဋ္ဌ ပြောကြား
NCA ချုပ်ဆိုနိုင်ခဲ့တာ လေးနှစ်ပြည့် လွန်မြောက်လာခဲ့ပြီးဖြစ်ပေမယ့်လည်း အခုထက်ထိ တိုးတက်မှု များများစားစား မရ ရှိသေးတာဟာ သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေအားနည်းပြီး အာဃာတတရားတွေ အားကောင်းနေသေးတာကြောင့် လို့ မြင်မိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။