မိတ္တီလာမြို့ရှိ အောင်မင်္ဂလာဘုရားဝန်းအတွင်းရှိ ကျူးကျော် လူနေဈေးဆိုင်ခန်းများနှင့် ပတ်သက်ပြီး ပန်းတော်ဆက် ကျေးရွာသား (၁၀၀)ခန့် ဆန္ဒဖော်ထုတ်

မိတ္တီလာမြို့ရှိ အောင်မင်္ဂလာဘုရားဝန်းအတွင်းရှိ ကျူးကျော် လူနေဈေးဆိုင်ခန်းများနှင့် ပတ်သက်ပြီး ပန်းတော်ဆက် ကျေးရွာသား (၁၀၀)ခန့် ဆန္ဒဖော်ထုတ်
Published 28 October 2019

 

မိတ္တီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ ပန်းတော်ဆက်ကျေးရွာ အောင်မင်္ဂလာ ဘုရားဝန်းအတွင်းရှိ ကျူးကျော် လူနေဈေးဆိုင်ခန်းတွေကို အုပ်ချုပ်ရေးအဖွဲ့က ဖယ်ရှားရှင်းလင်းပေးခြင်း မရှိဘူးလို့ဆိုကာ ကျေးရွာသူ၊ ကျေးရွာသား အင်အား (၁၀၀) ခန့်က မိတ္တီလာမြို့ပေါ်မှာ  အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။