ယခုနှစ်တွင် ငွေဆောင်ကမ်းခြေသို့ ပြည်ပခရီးသွားဝင်ရောက်မှုနှုန်း မြင့်တက်နေပြီး ယခင်နှစ်ထက် နှစ်ဆခန့် ပိုများလာနိုင်ဟုဆို
အခုအချိန်ထိစာရင်းမှာပဲ ငွေဆောင်ကမ်းခြေကို ပြည်ပခရီးသွားဝင်ရောက်မှုဟာ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးစာရင်းထက် လူဦးရေ (၂၀၀၀၀) ဝန်းကျင် ပိုမိုဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ငွေဆောင်ရုံးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။