သေဒဏ်ချမှတ်ခံထားရသော ဝင်းနှင့် ဇော်ကို ထိုင်းဘုရင်မှ သေဒဏ်အစား ထောင်ဒဏ်ပြစ်ဒဏ်သို့ လျော့ပေါ့ပေးရန် ရန်ကုန်မြို့တွင် ဆုတောင်းပွဲပြုလုပ်
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်တွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့အတွက် ထိုင်းဘုရင်မှ သေဒဏ်အစား ထောင်ဒဏ်ပြစ်ဒဏ်ဖြင့် လျော့ပေါ့ပေးဖို့ အောက်တိုဘာ ၂၅ရက် ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။