AA ခေါင်းဆောင်၏ ယောက်ဖကို ဖမ်းဆီးထားခြင်းမှာ မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများ ဖမ်းမိသည့်ကိစ္စနှင့် ဆက်စပ်နေသည်ဟု ဦးဇော်ဌေး ပြောကြား
AA အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ဖတော်စပ်သူကို ဖမ်းဆီးထားခြင်းမှာ မန္တလေးမြို့မှာ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းဆီးရမိတဲ့ကိစ္စနဲ့ ဆက်စပ်နေတယ်လို့ သိရှိထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။