ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးထံမှ အလျား ၅ လက်မခွဲ၊ အနံ ၃ လက်မခွဲနှင့် အမြင့် ၃ လက်မခန့် အရွယ်ရှိ ဆီးကျောက်ကြီးကို ခွဲထုတ်ပေးခဲ့ရ
■ ထားဝယ်ပြည်သူ့ဆေးရုံကြီးခွဲစိတ်ကုသဆောင်မှာခွဲစိတ်အထူးကုဆရာဝန်အဖွဲ့က အချိန် ၁ နာရီကြာအရေးပေါ် ခွဲစိတ်ကာအလျား ၅ လက်မခွဲ၊အနံ ၃ လက်မခွဲနှင့် အမြင့် ၃ လက်မခန့်အရွယ်ရှိဆီးကျောက်ကြီးကိုထုတ်ယူခဲ့ရတာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်က ပြောပါတယ်။