ရန်ကုန်တိုင်းအစိုးရမှ ရောင်းချသည့် မြေကွက်ဝယ်ယူခွင့် ရရှိသူများ မြေကွက်တန်ဖိုးအပြင်  အခြေခံအဆောက်အအုံ ကုန်ကျစရိတ် ထပ်မံပေးသွင်းရမည်

ရန်ကုန်တိုင်းအစိုးရမှ ရောင်းချသည့် မြေကွက်ဝယ်ယူခွင့် ရရှိသူများ မြေကွက်တန်ဖိုးအပြင်  အခြေခံအဆောက်အအုံ ကုန်ကျစရိတ် ထပ်မံပေးသွင်းရမည်
Published 22 October 2019

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရောင်းချနေတဲ့ မြေကွက်ဝယ်ယူခွင့် ရရှိသူတွေဟာ မြေကွက်တန်ဖိုးအပြင် အခြေခံအဆောက်အအုံ ကုန်ကျစရိတ်ပါ  ထပ်မံပေးသွင်းရမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောပါတယ်။