ဆလုံတိုင်းရင်းသားများ နေထိုင်လုပ်ကိုင် စားသောက်နေသည့် လငန်းကျွန်းတန်းများသို့ ပုလဲကုမ္ပဏီ်တစ်ခုမှ ဧရိယာတိုးချဲ့လာခြင်းအပေါ် အနီးဝန်းကျင် ကျေးရွာများကလည်း ကန့်ကွက်မည်ဟုဆို

ဆလုံတိုင်းရင်းသားများ နေထိုင်လုပ်ကိုင် စားသောက်နေသည့် လငန်းကျွန်းတန်းများသို့ ပုလဲကုမ္ပဏီ်တစ်ခုမှ ဧရိယာတိုးချဲ့လာခြင်းအပေါ် အနီးဝန်းကျင် ကျေးရွာများကလည်း ကန့်ကွက်မည်ဟုဆို
Published 21 October 2019

ဆလုံတိုင်းရင်းသားများ ကြုံတွေ့နေရတဲ့ အခက်အခဲများကို အရပ်ဖက်အဖွဲ့အစည်းများက မြေပြင်သို့ ကွင်းဆင်းကာ အစီရင်ခံစာတင်ပြရန် ဆောင်ရွက်နေသလို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တပ်မတော်အရာရှိများကလည်း ဆလုံတိုင်းရင်းသားများ နေထိုင်တဲ့ လငန်းရွာသို့ အောက်တိုဘာ ၁၈ ရက်က လာရောက်ခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကာ အောက်ခြေတွင် ဖြစ်ပေါ်နေတဲ့ အခက်အခဲများကို ပြန်လည်တင်ပြပေးမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။