တစ်နှစ်အတွင်း တိုင်းနှင့်ပြည်နယ် (၉)ခုတွင် ကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒုသမ္မတ ဦးမြင့်ဆွေပြောကြား
၂၀၁၈ စက်တင်ဘာ မှ ၂၀၁၉ စက်တင်ဘာအထိ တိုင်းနှင့်ပြည်နယ် (၉)ခုမှာ တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာဖမ်းဆီးအရေးယူမှု (၉၇၄) ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။
[Zawgyi]