ရန်ကုန်- ပုသိမ်လမ်းမကြီး၊ ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ ၄၁ မိုင်အရှည်အား အကျယ် ပေ ၃၀ ရှိ ကွန်ကရစ် လမ်းမကြီး အဖြစ် ယခုနှစ်ဘတ်ဂျက်အတွင်း အပြီးခင်းသွားမည်

ရန်ကုန်- ပုသိမ်လမ်းမကြီး၊ ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ ၄၁ မိုင်အရှည်အား အကျယ် ပေ ၃၀ ရှိ ကွန်ကရစ် လမ်းမကြီး အဖြစ် ယခုနှစ်ဘတ်ဂျက်အတွင်း အပြီးခင်းသွားမည်
Published 19 October 2019

BOT စနစ်ဖြင့် အငှားချထားခဲ့တဲ့ ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ ဆိုးဝါးစွာပျက်စီးမှုများဖြစ်ပွားခဲ့ပြီးနောက် အစိုးရမှ ယာယီ ပြန် လည် သိမ်းယူ ပြင်ဆင်မှုများပြုလုပ်ခဲ့ကာ ဆက်လက်အဆင့်မြှင့်တင်နိုင်ရေးအတွက် ADB ချေးငွေများ ရရှိနိုင်ရန် စီမံ ဆောင် ရွက်ခဲ့ပေမယ့် ညှိနှိုင်းမှုကြာမြင့်ဦးမှာဖြစ်လို့ လမ်းဦးစီးဌာနမှ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ကနဦး ပေ ၃၀ အကျယ်ရှိ ကွန်ကရစ် လမ်းကို စတင်ခင်းကျင်း အဆင့်မြှင့်ရန် ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။