AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများအမှုအတွက် တရားလိုဘက်က တင်သွင်းသည့် စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို သက်သေခံအဖြစ် တရားရုံးလက်ခံ
AA နဲ့ ဆက်စပ်တယ်လို့ဆိုပြီး ဖမ်းဆီးခံထားရသူတွေကို အောက်တိုဘာ ၁၈ ရက်နေ့က ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုဘက်က တင်သွင်းတဲ့ စင်ကာပူနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို သက်သေခံအဖြစ် လက်ခံကြောင်း တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။