ပညာရေးဝန်ထမ်း ဆရာမများအပေါ် ပြောကြားချက်နှင့်ပတ်သက်၍ တိုင်ကြားခံထားရသည့် ပဲခူးတိုင်းဝန်ကြီးချုပ်ကိစ္စ အမြန်ဆုံးခေါ်ယူစစ်ဆေးသွားမည်ဟု NLD ဆို

ပညာရေးဝန်ထမ်း ဆရာမများအပေါ် ပြောကြားချက်နှင့်ပတ်သက်၍ တိုင်ကြားခံထားရသည့် ပဲခူးတိုင်းဝန်ကြီးချုပ်ကိစ္စ အမြန်ဆုံးခေါ်ယူစစ်ဆေးသွားမည်ဟု NLD ဆို
Published 19 October 2019

 

ပညာရေးဝန်ထမ်း ဆရာမများ ကျေးရွာမှာတည်မြဲရေးအတွက် လူငယ်များက ရည်းစားစကားလိုက်ပြောရန်ဆိုပြီး ပြောကြားချက်နဲ့ပတ်သက်လို့ အရေးယူပေးဖို့ တိုင်ကြားခံထားရတဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ကိစ္စနဲ့ပတ်သက်လို့ တိုင်ကြားမှုကို လက်ခံကြောင်းနဲ့ အမြန်ဆုံးခေါ်ယူစစ်ဆေးသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။