လူသတ်မှုကျူးလွန်သူကိုဖမ်းဆီးစဉ် ပြန်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လူသတ်မှုကျူးလွန်ခဲ့သူသေဆုံးကာ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိမှု ဖြူးမြို့နယ်တွင်ဖြစ်ပွားခဲ့ (ရုပ်သံ)

လူသတ်မှုကျူးလွန်သူကိုဖမ်းဆီးစဉ် ပြန်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လူသတ်မှုကျူးလွန်ခဲ့သူသေဆုံးကာ ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိမှု ဖြူးမြို့နယ်တွင်ဖြစ်ပွားခဲ့ (ရုပ်သံ)
Published 18 October 2019

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်း နယ်မြေရဲစခန်းအပိုင်မှာ လူသတ်မှုကျူးလွန်ခဲ့ပြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင် ရွာကန့်လန့်ကျေးရွာသို့ ရောက်ရှိနေတဲ့ ကျူးလွန်သူကို အောက်တိုဘာ ၁၇ ရက် ညပိုင်းက ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံဖမ်းဆီးစဉ် ပြန်လည်ခုခံတာကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ လူသတ်မှု ကျူးလွန်သူသေဆုံးကာ ရဲတပ်သားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကသိရပါတယ်။