ချောင်းသာကမ်းခြေတွင် ဧရာဝတီတိုင်းအစိုးရက Public Area အဖြစ် ဖော်ဆောင်မည့်မြေနေရာအတွက် မူလပိုင်ရှင်ဟု ဆိုသူ များက ကျပ်သိန်း ၆၀၀၀ နစ်နာကြေးတောင်းထား
ချောင်းသာကမ်းခြေ ပုသိမ်-ချောင်းသာကားလမ်း ပုလဲစတိုးနှင့် Amazing Hotel ထိပ်မှ KKK တည်းခိုခန်းနှင့် လေပြေ တည်း ခိုခန်းထိပ်အထိ လမ်းဦးစီးပိုင် ကားလမ်းမကြီးနှင့် စည်ပင်သာယာပိုင်လမ်းသွယ်အကြားမှာ ရှိတဲ့ မြေနေရာများကို အစိုးရအဖွဲ့မှ Public Area အဖြစ်ဖော်ဆောင်ရန် လုပ်နေမှုအတွက် မူလပိုင်ရှင်ဆိုသူများမှ နစ်နာကြေးအဖြစ် ကျပ်သိန်း ၆၀၀၀ ရလိုတယ်လို့ တင်ပြထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရထံမှ သတင်းရရှိပါတယ်။