ရွှေတိဂုံဘုရားရုံးအဖွဲ့မှူးဦးထွန်းအောင်ငွေကို ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်း က နိုင်လွတ်လုံ ဥပဒေပုဒ်မ(၁၀)ဖြင့် အမှုဖွင့် (ရုပ်သံ)
ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေတိဂုံစေတီတော်အထက်ပစ္စယံပေါ်သို့ အမျိုးသမီးဖြစ်သူကို တက်ရောက်ခွင့်ပေးခဲ့တယ်လို့ဆိုကာ ရွှေတိဂုံ ဘုရား ဂေါပကအဖွဲ့ကရုံးအဖွဲ့မှူးဖြစ်သူ ဦးထွန်းအောင်ငွေကို စုံခုံဖွဲ့စစ်ဆေးခဲ့ပြီးနောက် အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဦးထွန်း အောင်ငွေရဲ့ ပြောဆိုမှုတွေဟာ ဒေါက်တာအောင်ကျော်ဝင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ယခုလို တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။