မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ကူးတံတားတစ်စင်း ထပ်မံတည်ဆောက်ရန် တိုင်းတာမှုများ လုပ်ဆောင်နေ (ရုပ်သံ)

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ကူးတံတားတစ်စင်း ထပ်မံတည်ဆောက်ရန် တိုင်းတာမှုများ လုပ်ဆောင်နေ (ရုပ်သံ)
Published 17 October 2019

တံတားသစ်တည်ဆောက်ရတဲ့ အကြောင်းများကတော့ ၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဗလမင်းထင်တံတားမှာ တံတားတိုင် အမှတ် ၅ တွင် ပြဿနာများရှိနေပြီး တန်ချိန် ခံနိုင်ဝန်လျှော့ချထားရတာ ၊ မြစ်ကြီးနား -ဗန်းမော်-မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးမှာ မော်တော်ယာဉ်ဖြတ်သန်းမှု အစီး ၄၀၀၀ အထက်ရှိနေလို့ ကုန်စည်များ ပိုမိုစီးဆင်းလာပါက ယာဉ်ကြောပြဿနာ များကို ဖြေရှင်းနိုင်ရန် လေးလမ်းသွားလမ်းအဖြစ်ဆောက်လုပ်ရန်ရှိတာတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။