အမည်မသိလက်နက်ကိုင်ဆောင်သူတစ်ဦး လာရောက်ပစ်ခတ်မှုကြောင့် လားရှိုးမြို့နယ်မန်ကောင်းကျေးရွာတာဝန်ခံ သေဆုံး

အမည်မသိလက်နက်ကိုင်ဆောင်သူတစ်ဦး လာရောက်ပစ်ခတ်မှုကြောင့် လားရှိုးမြို့နယ်မန်ကောင်းကျေးရွာတာဝန်ခံ သေဆုံး
Published 16 October 2019

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ နားကွမ်းလုံကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာတာဝန်ခံဖြစ်သူ ဦးမာကု ကို အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက အမည်မသိလက်နက်ကိုင်သူတစ်ဦးက သေနတ်နဲ့လာရောက်ပစ်ခတ်တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။