နေပြည်တော်မြို့မဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းငါးခန်းမီးလောင်ဆုံးရှုံး (ရုပ်သံ)
နေပြည်တော်မြို့မဈေးမှာ အောက်တိုဘာလ ၁၅ ရက်၊ည ၉ နာရီ ၄၅ မိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းငါးခန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
အဲ့ဒီမီးလောင်မှုကြောင့် ကလေးကစားစရာအရောင်းဆိုင်၊ အလှကုန်ဆိုင်တွေအပါအဝင် ဆိုင်ခန်း ငါးခန်းမီးလောင် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို Level -2 ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရပြီး ည ၁၀ နာရီမိနစ် ၄၀ အချိန်မှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်