ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားပြုလုပ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၁၃) ရက်၊ (သီတင်းကျွတ်လပြည်နေ့) နံနက်အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။