မန္တလေးတွင် ပထမဆုံးအကြိမ်ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူသူမှပေးဆောင်ရမည့် ကုန်သွယ်ခွန်ငါးရာခိုင်နှုန်း  ကင်းလွတ်ခွင့်ရရန် တိုင်းအစိုးရထံ တင်ပြထား (ရုပ်သံ)

မန္တလေးတွင် ပထမဆုံးအကြိမ်ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲတွင် ဝယ်ယူသူမှပေးဆောင်ရမည့် ကုန်သွယ်ခွန်ငါးရာခိုင်နှုန်း  ကင်းလွတ်ခွင့်ရရန် တိုင်းအစိုးရထံ တင်ပြထား (ရုပ်သံ)
Published 12 October 2019

 

မန္တလေးမြို့မှာ ပထမဦးဆုံးအကြိမ်ပြုလုပ်မယ့် ကျောက်စိမ်းအရိုင်းတွဲတွေနဲ့ ကျောက်မျက်ရတနာပြပွဲကို လာမယ့် အောက်တိုဘာလ ၂၁ ရက်ကနေ ၂၉ ရက်အထိ မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်သွားမှာဖြစ်ရာ ဒီပွဲမှာ ဝယ်ယူသူက ပေး ဆောင်ရမယ့် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ရဖို့ ကျောက်စိမ်းလုပ်ငန်းကော်မတီအနေနဲ့ တိုင်းအစိုးရအဖွဲ့ထံ စာတင်ပြထားတယ်လို့ သိရပါတယ်။