ကျောက်ဆည် ရိုးရာဆင်အကအလှပြိုင်ပွဲဝင် ဆင်အဖွဲ့များ လျော့နည်း

ကျောက်ဆည် ရိုးရာဆင်အကအလှပြိုင်ပွဲဝင် ဆင်အဖွဲ့များ လျော့နည်း
Published 12 October 2019

ပြိုင်ပွဲဝင်ရသည့် စရိတ်စက ကြီးမြင့်မှုကြောင့် ၄၂ ကြိမ်မြောက် ကျောက်ဆည် ရိုးရာဆင်အကအလှပြိုင်ပွဲဝင် ဆင်အဖွဲ့များ ယမန်နှစ်ထက် လျော့နည်း

ယခုနှစ်ဆင်ပွဲတော်တွင် ရိုးရာဆင် ၉ စီး၊ ဘော်ကြယ်ဆင် ၂ စီး၊ ကလေးဆင် ၃ စီး၊ သဘာဝဆင် ၂ စီး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ယခင်နှစ်ကထက် ဘော်ကြယ်ဆင် ၂ စီး၊ ကလေးဆင် ၁ စီးနှင့် သဘာဝဆင် ၁ စီး တို့ လျော့နည်းသွားတာဖြစ်တယ်လို့ ၄၂ ကြိမ်မြောက် ဆင်လှူပွဲတော် ဆင်အကအလှ ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရပါတယ်။

(Zawgyi Version)

