အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းနှင့် ကားလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်

အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းနှင့် ကားလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်
Published 12 October 2019

သီတင်းကျွတ်ရုံးပိတ်ရက်တွင် နေရပ်ပြန်သူများ၊အားလပ်ရက်ခရီးထွက်သူများပြားသာကြောင့် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းနှင့် ကားလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ် (ရုပ်သံ)

ယာဉ်ကြောပိတ်ဆို့မှုတွေဟာ အောင်မင်္ဂလာအဝေးပြေးဝင်းသို့ သွားရာလမ်းတွေဖြစ်တဲ့ သုဓမ္မာလမ်း၊ခရေပင်လမ်း၊ ဝေဘာဂီလမ်း၊ ခေမာသီလမ်း စတဲ့လမ်းမတွေနဲ့ အဝေးပြေးဝင်းအနီးနားရှိ လမ်းမတွေမှာ ဖြစ်ပေါ်နေတာပါ။ ဒါ့အပြင် အဝေးပြေးဝင်းအတွင်းမှာလည်း တက္ကစီယာဉ်တွေ၊ဆိုင်ကယ်ကယ်ရီတွေနဲ့ အဝေးပြေးယာဉ်လိုင်းမှ ယာဉ်တွေနဲ့ ယာဉ်ကြောကျပ် တည်းမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

zawgyi ဖြင့်ဖတ်ရန်
