မူဆယ်-မန္တလေး လျှပ်စစ်ရထားလမ်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ ပုသိမ်ကြီးမြို့နယ်တွင် ပြုလုပ်
လက်ရှိတွင် မူဆယ်-မန္တလေး လမ်းပိုင်းမှာ မန္တလေးမှ လားရှိုးအထိသာ မီးရထားလမ်းရှိကာ ၁၇၅ မိုင် ရှည်လျားပြီး ရထားပြေးဆွဲချိန်မှာ ၁၆ နာရီခန့် ကြာမြင့်ပေမယ့် ယခု လျှပ်စစ်ရထားလမ်း စီမံကိန်းမှာကတော့ မူဆယ်ကနေ မန္တလေးအထိ ခန့်မှန်း ၂၅၈ မိုင်ကို ၃ နာရီသာ ကြာမြင့်မယ်လို့ သိရပါတယ်။