မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံဘုရားကုန်းမြေပြိုမှု ပြင်ဆင်နေသည်မှာတစ်နှစ်ကျော်ကြာမြင့်နေပြီး ပြည်နယ် အစိုးရ၏ဆောင်ရွက်မှုကိုသိရှိလိုကြောင်းလွှတ်တော်တွင်မေးခွန်းထုတ်
၂၀၁၈ခုနှစ်မှာစံချိန်တင်မိုးရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံဘုရားကုန်း အရှေ့ဖက်ကုန်းတော်ပြိုကျခဲ့မှုကို ပြန်လည်ပြင်ဆင်နေသည်မှာသက်တမ်းတစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်တဲ့အတွက် ပြည်နယ်အစိုးရက မည်သို့ ကြီးကြပ်ဆောင် ရွက်နေပြီး ပြီးစီးမယ့်အချိန်ကာလကိုလည်းမည်သို့ သတ်မှတ်ထားရှိသည်ကိုသိရှိလိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးမင်းအောင်မွန်ကလွှတ်တော်မှာမေးမြန်းခဲ့ပါတယ်။