ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၅၇ သန်းကျော် တိုးလာသော်လည်း တရားဝင်သွင်းကုန်တန်ဖိုး လျော့ကျ
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်း ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုးဟာ ယခင် နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၅၇ သန်းကျော် တိုးလာပေမယ့် တရားဝင်သွင်းကုန်တန်ဖိုးကတော့ လျော့ကျခဲ့ပြီး ဒါဟာ တရားမဝင်တင်သွင်းမှု များပြားလာတာကြောင့် ဖြစ်နိုင်တယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။