၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းအတွင်းရှိ တိုင်းရင်းသားများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် တိုင်းဒေသကြီး လွှတ်တော်တိုင်းရင်းသားကော်မတီ ကြိုးပမ်းမည်
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားအများစု နေထိုင်ရာဒေသတွေမှာ တိုင်းရင်းသားဆန္ဒမဲတွေ ပေးနိုင်ရေးအတွက် တိုင်းရင်းသားမဲပုံးတွေကို မဲရုံးအားလုံးနီးပါးမှာ ထည့်သွင်းချထားပေးဖို့ ကြိုးပမ်းသွားမယ်လို့ လွှတ်တော်တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသော်ဇင်ဝင်းက ပြောပါတယ်။