တောင်ငူမြို့တွင် စိတ်မနှံ့သူ လူငယ်တစ်ဦးက မိမိကိုယ်ကိုဓါးဖြင့်ထိုးကာ ဟိုတယ်တစ်ခု၏ အဝင်မှန်တံခါးနှင့် စီဘီဘဏ်ATM စက်တစ်ခုအား ရိုက်ခွဲဖျက်စီးမှု ဖြစ်ပွား (ရုပ်သံ)
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ အောက်တိုဘာ ၃ ရက်နေ့ နေ့လည်ပိုင်းက စိတ်မနှံ့သူ လူငယ်တစ်ဦးဟာ မိမိကိုယ်ကို ဓါးနဲ့ထိုးကာ ဟိုတယ်တစ်ခုရဲ့ အဝင်မှန်တံခါးနဲ့ ဟိုတယ်ရှေ့ရှိ CB Bankရဲ့ ATM စက် မှန်လုံခန်းတို့ကို ရိုက်ခွဲဖျက်စီးမှုဖြစ်ပွားခဲ့ကြောင်းတောင်ငူမြို့ အမှတ်(၂)နယ်မြေရဲစခန်း ကနေ သိရပါတယ်။