ကမာရွတ်မြို့နယ်စည်ပင်ရုံးတည်ဆောက်ခြင်းအတွက် ကျပ် ၃ဘီလီယံ ထပ်မံတောင်းခံခြင်းမှာ လွှတ်တော်ကို မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်တာကြောင့် ပြန်လည်သုံးသပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြောကြား
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကမာရွတ်မြို့နယ်စည်ပင်ရုံးတည်ဆောက်ခြင်းအတွက် ကျပ် ၃ ဘီလီယံ ထပ်မံတောင်းခံတာဟာ လွှတ်တော်ကိုမထီမဲ့မြင်ပြုလုပ်တာဖြစ်တဲ့အတွက် ပြန်လည်သုံးသပ်သင့် တယ်လို့ ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။