ရန်ကုန်မြို့တော်ရှိ တရားမဝင် အောက်ဆိုဒ်ကား(ကြားကား)များကို ပိုမို ထိရောက်သော ပြစ်ဒဏ် ချမှတ်နိုင်ရန် စီမံချက် ရေးဆွဲနေဟုဆို
တရားမဝင်အောက်ဆိုဒ်ကား(ကြားကား)တွေပြေးဆွဲမှုကို ဖမ်းမိပါက သုံးသောင်းထက်မပိုတဲ့ ဒဏ်ငွေသာ ချမှတ်နိုင်တဲ့ အတွက် ပိုမိုထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေး စီမံချက်ရေးဆွဲလျက်ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြော ပါတယ်။