အင်းစိန်ထောင်အတွင်း အကျဉ်းသား၊ အချုပ်သားဦးရေ များပြားလာခြင်းကြောင့် ဖြေလျော့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လုံ/နယ်ဝန်ကြီး ပြောကြား
မူးယစ်ဆေးဝါး တိုးတက်ဖမ်းဆီးရမိမှု များပြားလာကာ အင်းစိန်ထောင်အတွင်း အကျဉ်းသား အချုပ်သားဦးရေ များပြားလာတာကြောင့် ဖြေလျော့ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောပါတယ်။