မြန်မာနိုင်ငံရှိ အန္တရာယ်ရှိသော လုပ်ငန်းခွင််များတွင် ကလေးငယ် လေးသိန်းနီးပါး အလုပ်လုပ်ကိုင်နေဟု သိရ
မြန်မာနိုင်ငံမှာရှိတဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ မြန်မာကလေးငယ် လေးသိန်းနီးပါး အလုပ်လုပ်ကိုင်နေကြတယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် တတိယ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကနေ သိရပါတယ်။