မြန်မာနိုင်ငံ အစိုးရထံမှ ထိရောက်သည့် အကူအညီရပါက လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒါဏ်ချမှတ် ခံထားရသည့် ဝင်းနှင့်ဇော်အတွက် အလားအလာ ကောင်းနိုင်ဟုဆို

မြန်မာနိုင်ငံ အစိုးရထံမှ ထိရောက်သည့် အကူအညီရပါက လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒါဏ်ချမှတ် ခံထားရသည့် ဝင်းနှင့်ဇော်အတွက် အလားအလာ ကောင်းနိုင်ဟုဆို
Published 27 September 2019

 

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ် ခံထားရတဲ့ မြန်မာနိုင်ငံသား တစ်ချို့ကို သေဒဏ်ကနေ တစ်သက်တစ်ကျွန်းအထိ ပြောင်းပေးထားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် မြန်မာနိုင်ငံအစိုးရရဲ့ ထိရောက်တဲ့ အကူအညီရပါက လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ် ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့အတွက် သေဒဏ်ကနေ လျော့ပေါ့မှုတွေ ဖြစ်လာနိုင်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။