ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေးနှင့် အဒေါ်တို့အပါအဝင် ခြောက်ဦးကို Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးက အမှုဖွင့်
နေပြည်တော်သက်ငယ်မုဒိမ်းဖြစ်စဉ်တစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဦးလေး၊ အဒေါ်တို့ အပါအဝင် အောင်ကြီးဘက်မှ ရှေ့နေ ၊ တရားလိုရှေ့နေနှင့် အမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို အကောင့် ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကို ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့်ထားတာ ဖြစ်တယ် လို့ ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ သိရပါတယ်။