မီတာခမြင့်တက်လာသဖြင့် ရေရှည်ပေးလှူနိုင်ရန်ရည်ရွယ်သော သီတဂူရေအလှူတော် ကုသိုလ်ဝေစုတစ်သောင်းတွင် အစု၅ဝဝကျော်ရရှိထား
စစ်ကိုင်းတောင်ရိုးသီတဂူရေအလှူတော်စီမံကိန်းမှာယနေ့ကာလ မြင့်တက်လာတဲ့ လျှပ်စစ်မီတာခကုန် ကျစရိတ်အတွက် ရေရှည်လောက်ငှစေဖို့ ရည်ရွယ်ပြီးပဒေသာပင်စိုက်ထူမယ့် ကုသိုလ်ဝေစုပေါင်း တစ်သောင်းအစီအစဉ်ကိုစက်တင်ဘာလဆန်းပိုင်းကစတင်ခဲ့ရာလက်ရှိအချိန်အထိ ဝေစု ၅၀၀ ကျော် ကျပ်သိန်းသုံးထောင်ကျော် ရရှိထားတယ် လို့ သိရပါတယ်။