တောင်ငူမြို့နယ် အလယ်ကျွန်းကျေးရွာအနီးစစ်တောင်းမြစ်ကမ်းပါးပြိုကျခဲ့ပြီးလူနေအိမ်များနှင့် ရွာလမ်းများထပ်မံပျက်စီးမည်ကိုဒေသခံများစိုးရိမ်နေ
ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ် သဖန်းပင်ကျေးရွာအုပ်စုအလယ်ကျွန်းကျေးရွာအနီးစစ်တောင်းမြစ်ကမ်းပါးများပြိုကျမှု မကြာခဏဖြစ်ပေါ်နေပြီးလူနေအိမ်တွေ ရွှေ့ပြောင်းရမှုတွေ ဖြစ်ပေါ်နေကာမြစ်ကမ်းပါးတွေ ဆက်လက်ပြိုကျမှာကိုစိုးရိမ်နေကြတယ်လို့ အလယ်ကျွန်းကျေးရွာဒေသခံတွေကပြောပါတယ်။