မန္တလေးမြို့ရှိ ဆုကိုယ်ပိုင်ကျောင်း၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် ကျောင်းသူအပေါ် ကိုယ်ထိလက်ရောက် ပြုမူခဲ့ခြင်းမရှိဘဲ ကျောင်းသားများ၏ပညာရေး ထိခိုက်မည်စိုးရိမ်သဖြင့် သည်းခံကျေအေးပေးခဲ့ခြင်းဖြစ်ကြောင်း ဆရာဦးညီညီထွေး ရှင်းလင်း

Published 27 September 2019

မန္တလေးမြို့ရှိ ဆုကိုယ်ပိုင်ကျောင်းမှာ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ  ကျောင်းသူအပေါ် ကိုယ်ထိလက်ရောက်ပြုမူခဲ့ခြင်းမရှိဘဲ ၎င်းအနေဖြင့်သာကိုယ်ထိလက်ရောက်ပြုလုပ်ခြင်းခံခဲ့ရပြီး လေးစားရသည့် ဆရာကြီး၊ဆရာမကြီးများ၏ ဝင်ရောက်ညှိနှိုင်းပေးမှုအရ မိမိအနေဖြင့် အမှန်တကယ်နစ်နာခဲ့ရသော်လည်း ကျောင်းသားများ၏ ပညာရေးကို ထိခိုက်မည်စိုးရိမ်သဖြင့် သည်းခံကျေအေးပေးခဲ့ခြင်းဖြစ်ကြောင်း ဆရာဦးညီညီထွေးက စက်တင်ဘာ ၂၆ ရက် မွန်းလွဲ တစ်နာရီက မန္တလေးမြို့ရှိ မီဒီယာစတင်တာ၌ သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ် ။